ဆယ့်နှစ်လက်မဘစ်၊ ဖားခရု၊ မျောက်ကြီး ဆဲသံတွေနဲ့အတူ လိုဏ်ခေါင်းထဲချကြမယ်ဆိုတဲ့ ဇလာတန်နဲ့ လူကာကူတို့ရန်ပွဲ
|မီလန်ဒါဘီမှာ လူကာကူနဲ့ ဇလာတန်တို့ စကားများကြပါတယ်။ ဖြစ်စဉ်အစက လူကာကူကို ရိုမာဂနိုလီတယောက် ပထမပိုင်းပြီးကာနီးဖောင်းလိုက်ချိန်မှာ အနည်းငယ် ကတောက်ကဆဖြစ်ခဲ့ချိန်၊ ဇလာတန်နဲ့ လူကာကူတို့ ရန်ဖြစ်ဖို့ခေါင်းချင်းဆိုင်သွားခဲ့တာပါ။ ကွာတားဖိုင်နယ်လည်းဖြစ်၊ ဒါဘီလည်းဖြစ်နေတဲ့အရှိတွေပေါင်းပြီး၊ နောင်ဂျိန်ပလေးဖို့ တာစူကြပါတယ်။
ဆွဲကြပြုကြရင်း လူကာကူက ဇလာတန်ကို လှမ်းဆဲလိုက်ပါတယ်။ ” A Son of a b***h” နဲ့ ” F**k you and your wife” လို့ပါ။ အဓိပ္ပာယ်က ပရိသတ်သိပြီးသားဖြစ်တဲ့အတွက် မြန်မာလို လှအောင်ပြန်ရင်တော့ ဆယ်နှစ်လက်မဘစ်နဲ့ မင်းနဲ့ မင်းမိန်းမကို ဖားခရုပဲလို့ တည်ဆဲလိုက်တာဖြစ်ပါတယ်။ အသင်းဖော်တွေက ၀ိုင်းဆွဲကြရင်းရန်ဖြစ်ဖို့ စိန်ခေါ်ပါတယ်။
ဒီလိုမျိုး လူကာကူ ပါးစပ်ကထွက်လာဖို့ ဇလာတန်သုံးလိုက်တဲ့ ၀ှက်ဖဲကတလုံးတည်းပါ။ လူမည်းကစားသမားကို ” A monkey” မြန်မာလို မျောက်ကြီးလို့ခေါ်လိုက်တာပါ။ လူကာကူဆတ်ဆတ်ထိ မခံဖြစ်သွားချိန် အယုတ္တ အနတ္တတွေထွက်လာပြီး၊ နောက်တော့ ဇလာတန်ကို ဒဲ့ဖြဲလိုက်ပါတယ်။ ” လာစမ်းပါ အပြင်ထွက်ခဲ့ ချကြရအောင်”
ဇလာတန်ကလည်း မထီပြုံးနဲ့ ” မင်းသားအပြင်သွားနေ၊ လိုဏ်ခေါင်းထဲက စောင့်နေ” လို့ ပြန်ပြောလိုက်ပါတယ်။ သွေးဆူနေတဲ့ လူကာကူက တကဲကဲချမယ်လုပ်ပေမဲ့ ပထမပိုင်းအပြီး၊ လိုဏ်ခေါင်းထဲမှာ ဇလာတန်ကိုလုပ်မယ်တကဲကဲဖြစ်နေလို့ နှစ်သင်းကြားထိန်းခဲ့ရပါသေးတယ်။ ဒိုင်လူကြီးကလည်း မီလန်ဒါဘီဖြစ်နေတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းပဲ အ၀ါကတ်ပြလိုက်ပါတယ်။
လူကာကူကတော့ ငြိမ်သွားခဲ့ပေမဲ့ ဇလာတန်က အ၀ါကတ်ရဲ့အကျိုးကို ဒုတိယပိုင်းမှာ ခံစားလိုက်ရပါတယ်။ ကိုလာရော့ဗ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ နှစ်ဝါတနီနဲ့ထွက်သွားခဲ့ရကာ အေစီတို့ ၁၀ယောက်၊ ၁၁ ယောက်ဖြစ်သွားခဲ့ပါတယ်။ အကျိုးဆက်က လူကာကူရဲ့ချေပဂိုး၊ အဲရစ်ဆင်ရဲ့ ဖရီးကစ်ဂိုးတွေနဲ့ အင်တာတို့ပြန်ကမ်းဘက်သွားခဲ့ပြီး၊ ဆီးမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။
Thu Yay – ShweBa